နိုင်ငံတဝှမ်းတွင် ယုံကြည်စိတ်ချရသော လျှပ်စစ်စွမ်းအင် မရရှိနိုင်ခြင်း
မီးပြတ်တောက်မှုများ နေ့စဉ်ဖြစ်ပေါ်နေပီး စီးပွားရေးလုပ်ငန်းများသည် လုပ်ငန်းရပ်နားရခြင်း (သို့မဟုတ်) ဈေးကြီးသော ဒီဇယ်သုံးမီးစက်များကို မှီခိုနေရပါသည်။
မြန်မာနိုင်ငံရှိ စက်ရုံလုပ်ငန်းကြီးများမှ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများအထိ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ပြောင်းလဲအသုံးပြုနိုင်ရန်အတွက် လိုအပ်သော ငွေကြေးနှင့် နည်းပညာပိုင်းဆိုင်ရာ အရင်းအမြစ်များရရှိနိုင်ရန် ကျွန်ုပ်တို့မှ ပံ့ပိုးဆောင်ရွက်ပေးနေပါသည်။
181,000
လူနေမှုဘဝများ ပြောင်းလဲပေးခဲ့ခြင်း
400,000 တန်
စီမံကိန်းသက်တမ်းတစ်လျှောက် လျှော့ချနိုင်ခဲ့သော ကာဗွန်ထုတ်လွှတ်မှု
$9,200,000
ကျွန်ုပ်တို့ ဖော်ဆောင်ပေးနိုင်ခဲ့သည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း
မီးပြတ်တောက်မှုများ နေ့စဉ်ဖြစ်ပေါ်နေပီး စီးပွားရေးလုပ်ငန်းများသည် လုပ်ငန်းရပ်နားရခြင်း (သို့မဟုတ်) ဈေးကြီးသော ဒီဇယ်သုံးမီးစက်များကို မှီခိုနေရပါသည်။
ဘဏ်များကလည်း ချေးငွေထုတ်ပေးနိုင်ရန်အတွက် ချေးငွေပမာဏ၏ ၂၀၀ ရာခိုင်နှုန်း အထိ တန်ဖိုးရှိသော အပေါင်ပစ္စည်းများကို လိုအပ်လေ့ရှိသဖြင့် လုပ်ငန်းလည်ပတ်မှုအားကောင်းသည့်တိုင် ပစ္စည်းပိုင်ဆိုင်မှုအားနည်းသည့် လုပ်ငန်းများအနေဖြင့် ချေးငွေရရှိရန် အခက်အခဲများ ကြုံတွေ့နေရပါသည်။
လုပ်ငန်းများအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို လိုအပ်သော်လည်း မတည်ရင်းနှီးငွေ မတတ်နိုင်ခြင်းများ ကြုံတွေ့နေရပါသည်။
အဓိက သက်ဆိုင်သူများအကြား ပူးပေါင်း ဆောင်ရွက်မှုများ အားနည်းနေသဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအရှိန်ကို မမြှင့်တင်နိုင်ဖြစ်နေပါသည်။
ချေးငွေအာမခံများ နှင့် ပေါင်းစပ်ငွေကြေးဖွဲ့စည်းမှုများဖြင့် ဘဏ်များမှ ချေးငွေရယူနိုင်ရန် ဆောင်ရွက်ပေးခြင်း
နေရောင်ခြည်စွမ်းအင် စီမံကိန်း ဖော်ဆောင်သူများ နှင့် ငွေထုတ်ချေးပေးမည့် ဘဏ်များအတွက် ရင်းနှီးမြှပ်နှံမှုဆိုင်ရာ အန္တရာယ်များကို လျှော့ချစေနိုင်ရန် နည်းပညာအကူအညီများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အပံ့များ ပံ့ပိုးပေးပါသည်။
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်များ နှင့် ဆန်းသစ်တီထွင်မှုများကို အထောက်အကူပြုမည့် လေ့လာသုံးသပ်ချက်များ ပံ့ပိုးပေးပါသည်။
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသိအမှတ်ပြုလက်မှတ်များ ဖော်ဆောင်ခြင်းနှင့်၊ ဖော်ဆောင်နိုင်စေရန် ကွန်ယက်ချိတ်ဆက်ခြင်းများ ဆောင်ရွက်ပေးပါသည်။
သင့်စီးပွါးရေးအတွက် အကိုက်ညီဆုံးဖြစ်သောloan termsများဖြင့် ချေးငွေရရှိရေးကို ဆောင်ရွက်ကူညီပေးပါသည်
နည်းပညာဆိုင်ရာ စီမံကိန်းရေးဆွဲခြင်းနှင့် တိကျသော ဆိုလာစနစ်တစ်ခုချင်းစီကို ဒီဇိုင်းရေးဆွဲပေးပါသည်
သင့်တော်သော ဆိုလာကုမ္ပဏီနှင့် စက်ပစ္စည်းများကို ရွေးချယ်ရာတွင် ကူညီပြီး တပ်ဆင်ထားသော ဆိုလာစနစ်တိုင်း နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီကြောင်း စစ်ဆေးအတည်ပြုပေးပါသည်








50%
စွမ်းအင်ကုန်ကျစရိတ် လျှော့ချမှု
$200K
ခန့်မှန်းတစ်သက်တာ ချွေတာငွေ
3.47 နှစ်
အရင်းကျေချိန်
တစ်လလျှင် ပဲဆီ ၂၀,၀၀၀ လီတာခန့် ထုတ်လုပ်သော ငွေသဇင်မင်းပဲဆီလုပ်ငန်းသည် Smart Power Myanmar နှင့် လက်တွဲ၍ ကမ္ဘာ့အဆင့်မီ နေရောင်ခြည်စွမ်းအင်စနစ်တစ်ခုကို ဒီဇိုင်းရေးဆွဲခြင်း၊ ငွေကြေးပံ့ပိုးမှု ရယူခြင်းနှင့် ဝယ်ယူတပ်ဆင်ခြင်းတို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။
51%
စွမ်းအင်ကုန်ကျစရိတ် လျှော့ချမှု
$806K
ခန့်မှန်းတစ်သက်တာ ချွေတာငွေ
5.65 နှစ်
အရင်းကျေချိန်
Smart Power Myanmar ၏ ပံ့ပိုးကူညီမှုဖြင့် Premium Valiant Family လုပ်ငန်း သည် နေရောင်ခြည်စွမ်းအင်စနစ်တစ်ခု တပ်ဆင်ရန်အတွက် အတိုးနှုန်းသက်သာသော ချေးငွေကို ရယူနိုင်ခဲ့ပြီး၊ တိုးတက်လာနေသော ပြည်တွင်းနှင့် နိုင်ငံတကာ ပရိဘောဂဝယ်လိုအားများကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါသည်။
54%
စွမ်းအင်ကုန်ကျစရိတ် လျှော့ချမှု
$198K
ခန့်မှန်းတစ်သက်တာ ချွေတာငွေ
1.7 နှစ်
အရင်းကျေချိန်
Smart Power Myanmar ၏ ပံ့ပိုးမှုဖြင့် နေရောင်ခြည်စွမ်းအင်ကို စတင်အသုံးပြုလာသော Triple Three လုပ်ငန်း သည် ပီနံအိတ် ယက်လုပ်သည့်စက်များအတွက် လိုအပ်သည့် ယုံကြည်အားထားရသော နေရောင်ခြည်လျှပ်စစ်စွမ်းအင်ကို ရရှိနေပြီဖြစ်ပီး ထောင်ပေါင်းများစွာသော စွမ်းအင်ကုန်ကျစရိတ်များကိုလည်း လျှော့ချနိုင်ခဲ့ပါသည်။