August 2021
Richard Harrison (Smart Power Myanmar) နှင့် Sam Duby (TFE Energy) တို့က မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်မှုကို မြှင့်တင်နိုင်ရန် ဒေသအခြေပြု ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၏ အခန်းကဏ္ဍကို ဆွေးနွေးထားပါသည်။ ပေါင်းစပ်စီမံကိန်းရေးဆွဲရေး နည်းလမ်းများမှ စိုက်ပျိုးရေးလုပ်ကိုင်သည့် ကျေးလက်ဒေသများတွင် မီနီဂရစ်စနစ်များ လက်တွေ့ဖော်ဆောင်အသုံးပြုမှုအထိ ဆွေးနွေးထားသည့် Power for All ၏ ပူးတွဲ Podcast အစီအစဉ်တစ်ခု ဖြစ်ပါသည်။
ပိုမိုဖတ်ရှုရန် → မြန်မာနိုင်ငံတွင် မီနီဂရစ်မှ လျှပ်စစ်ကို လုပ်ငန်းသုံး အတွက် အသုံးချခြင်း : ရေလုပ်ငန်း လေ့လာမှု
May 2021
ဂုံးမွေးမြူရေးလုပ်ငန်းကို အဓိကလုပ်ကိုင်သည့် ကျေးရွာတစ်ရွာတွင် ဒီဇယ်မီးစက်များမှ ဆိုလာမီနီဂရစ်စနစ်သို့ ပြောင်းလဲအသုံးပြုခဲ့ပြီး လျှပ်စစ်ရေစုပ်စက်များနှင့် ဂုံး ထုတ်လုပ်ပြုပြင်သည့် စက်ပစ္စည်းများကို အသုံးပြုနိုင်လာသည့်အပြင် ကျေးရွာနေထိုင်သူ ၆၀ ရာခိုင်နှုန်းအတွက် ပိုက်လိုင်းဖြင့် ရေပေးဝေနိုင်ခဲ့ပုံကို လေ့လာဖော်ပြထားသည့် ဖြစ်ရပ်လေ့လာချက်တစ်ခု ဖြစ်ပါသည်။ စွမ်းအင်ကို ထုတ်လုပ်မှုလုပ်ငန်းများတွင် ထိရောက်စွာ အသုံးချနိုင်ပုံကို ထင်ရှားစွာ ဖော်ပြထားပါသည်။
January 2021
လျှပ်စစ်မီးကို ကျယ်ကျယ်ပြန့်ပြန့် မရရှိဘဲ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း မရှိကြောင်း ဆွေးနွေးထားပါသည်။ မြန်မာနိုင်ငံ၏ လျှပ်စစ်မီးရရှိမှုနှုန်းမှာ အာရှတွင် အနိမ့်ဆုံးဖြစ်သည့် ၅၆ ရာခိုင်နှုန်းခန့်သာ ရှိနေသည့်အခြေအနေကို ထောက်ပြထားပြီး ထိုင်းနိုင်ငံ၏ လျှပ်စစ်မီးရရှိမှုနှုန်းသည် ၁၉၇၆ ခုနှစ်မှ ၁၉၉၆ ခုနှစ်အတွင်း ၂၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီးနောက် ဝင်ငွေတိုးတက်လာမှုနှင့် ဆက်စပ်၍ ဖော်ပြထားပါသည်။ ယုံကြည်စိတ်ချရပြီး ဈေးနှုန်းသင့်တင့်သော လျှပ်စစ်ဓာတ်အားရရှိရေးသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း အလေးပေးဖော်ပြထားပါသည်။
ပိုမိုဖတ်ရှုရန် → November 2020
မြန်မာနိုင်ငံတွင် လျှပ်စစ်မီးရရှိမှုနှုန်းမှာ ၅၄ ရာခိုင်နှုန်းခန့်သာရှိပြီး အိမ်ထောင်စု ၅ သန်းခန့်၊ လူဦးရေအားဖြင့် ၂၃.၅ သန်းခန့်သည် ယုံကြည်စိတ်ချရသော လျှပ်စစ်ဓာတ်အားကို မရရှိသေးပါ။ အမျိုးသားလျှပ်စစ်မီးရရှိရေးစီမံကိန်း၏ ၂၀၃၀ ပြည့်နှစ်တွင် လူတိုင်း လျှပ်စစ်မီးရရှိရေး ရည်မှန်းချက်ကို မည်သို့ အကောင်အထည်ဖော်နိုင်မည်ကို လေ့လာဆွေးနွေးထားပြီး လျှပ်စစ်မီးရရှိရေးသည် စီးပွားရေးလုပ်ငန်းကြီးများအတွက်သာမက အိမ်ထောင်စုများ၏ လူနေမှုဘဝနှင့် COVID-19 ကပ်ရောဂါအပြီး ပြန်လည်ထူထောင်ရေးအတွက်ပါ အရေးကြီးကြောင်း ဖော်ပြထားပါသည်။
ပိုမိုဖတ်ရှုရန် → “မည်သည့်အတားအဆီးများကို မဆိုကျော်ဖြတ်နိုင်မည့် နည်းလမ်းကို ကျွန်မတို့ ရှာဖွေနိုင်ပါတယ်” — မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍကို ပြောင်းလဲဖော်ဆောင်နေသည့် အမျိုးသမီးများ
October 2020
မြန်မာနိုင်ငံတွင် မီနီဂရစ်စနစ်များ ဖော်ဆောင်ရာ၌ ဦးဆောင်နေသည့် အမျိုးသမီးအင်ဂျင်နီယာများဖြစ်သော Dr. Soe Soe Ohn၊ Barani Aung၊ Roslyn (Wit Yi Toe) နှင့် Shwe Zin Ma တို့၏ အတွေ့အကြုံများကို ဖော်ပြထားပါသည်။ ကျေးလက်ဒေသများတွင် စွမ်းအင်ရရှိနိုင်ရေး တိုးချဲ့ဖော်ဆောင်ရာ၌ ကြုံတွေ့ရသည့် လူမှုရေး နှင့် လုပ်ငန်းဆိုင်ရာ အတားအဆီးများကို မည်သို့ကျော်ဖြတ်ကြသည်ကိုလည်း လေ့လာဖော်ပြထားပါသည်။
August 2020
Distributing Solar ၏ Podcast အစီအစဉ်တစ်ခုဖြစ်ပြီး Richard Harrison နှင့် မြန်မာနိုင်ငံ၏ လျှပ်စစ်မီးရရှိရေး စိန်ခေါ်မှုများနှင့် Smart Power Myanmar ၏ မီနီဂရစ်စနစ်များမှတစ်ဆင့် လျှပ်စစ်စွမ်းအင်ရရှိနိုင်မှု တိုးတက်လာစေရန် ဆောင်ရွက်မှုများ၊ လေ့လာဆန်းစစ်မှုများနှင့် ဆန်းသစ်သော ဘဏ္ဍာငွေထောက်ပံ့မှုများကို ဆွေးနွေးထားပါသည်။
ပိုမိုဖတ်ရှုရန် → June 2020
Smart Power Myanmar မှ ပြည်တွင်း စီးပွားရေးဘဏ်များနှင့် ပူးပေါင်းဖော်ဆောင်ခဲ့သည့် ထူးခြားသော equipment-financing ကို လေ့လာဖော်ပြထားပါသည်။ ဤအစီအမံမှ မီနီဂရစ် တည်ဆောက်သူများအနေဖြင့် စီမံကိန်းများကို အတိုင်းအတာတစ်ခုအထိ တိုးချဲ့ဖော်ဆောင်နိုင်ရန် လိုအပ်သည့် လုပ်ငန်းလည်ပတ်ဘဏ္ဍာငွေကို ရရှိစေပါသည်။ ထို့အပြင် ဘဏ်များအနေဖြင့် ယခင်က ဘဏ္ဍာငွေမထောက်ပံ့ဖူးသည့် စီမံကိန်းများအတွက် ဘဏ္ဍာငွေထောက်ပံ့နိုင်ရန် လမ်းဖွင့်ပေးခဲ့ပါသည်။
ပိုမိုဖတ်ရှုရန် → June 2020
Smart Power Myanmar ၏ CEO Richard Harrison နှင့် ပြုလုပ်ထားသည့် မေးမြန်းဆွေးနွေးမှု၏ ဒုတိယပိုင်းဖြစ်ပြီး မီနီဂရစ် တည်ဆောက်သူများအတွက် ဘဏ္ဍာငွေရရှိရေးနှင့် ဒေသခံများ၏ လျှပ်စစ်သုံးစွဲမှု နည်းပါးနိုင်ခြင်းဆိုင်ရာ စိန်ခေါ်မှုများ၊ မကြာသေးမီက ဈေးကွက်တိုးတက်လာမှုနှင့် စည်းမျဉ်းစည်းကမ်းများ၊ COVID-19 ကြောင့် မဟာဓာတ်အားလိုင်းပြင်ပ လျှပ်စစ်ရရှိရေး ကဏ္ဍအပေါ် သက်ရောက်မှုများကို ဆွေးနွေးထားပါသည်။
ပိုမိုဖတ်ရှုရန် →